ပိုက်လုံးပုံလေးပါ
ဒီပုံကတော့ Операция Вращения နဲ့ မဆွဲပဲ Кинематическая Операция နဲ့ဆွဲတဲ့ ပုံစံပါ။ ဒီနေရာမှာတော့ Эскиз(sketch) ကို နှစ်ခုသုံးရပါတယ် ပထမ Эскиз(sketch)မှာ Плоскость XY(plane XY) ကိုယူပြီး ဘယ်ဘက်က စက်ဝိုင်းပုံစံလေး Окружность(cycle)ကို click ပြီး ရင် Эскиз(sketch)ကိုပြန်သွားပြီး
နောက်တစ်ခု Эскиз(sketch)ယူဖို့နေရာမှာတော့ Плоскость ZX(plane ZX)ကို ထပ်ယူ ပြီး နောက်ထပ် Кривая Безье နဲ့ ပိုက်ပုံစံဆွဲမည့် အနေအထားကို ဆွဲရပါတယ် ။
ထို့နောက်မှာတော့ ပုံတွင်ပြထားတဲ့ အတိုင်း Кинематическая Операция ဆိုတာလေးကို click ရပါတယ် ပြီးရင်တော့ Эскиз:1 ပထမဦးဆုံး click ပါ။ ပြီးရင် အောက်က bar မှာ Сечение နေရာက အကွက်လေးမှာ click ပါЭскиз:1 ကို ပေါ်လာအောင် click ပါ ထို့နောက် ညာဘက်ဘေးမှာရှိတဲ့ Траектория က ဇယားကွက်လေးကို ထပ် click လိုက်ပါ ။
အဲ့ဒီလိုပဲ နောက်ထပ် Эскиз:2 ကို ထို့နည်းတူစွာ click ပါ ။ပြီးရင်တော့ Создать Обеъкт(CTRL + enter)ကို click ပါ ပြီးရင် STOP ကို ထပ် Click လိုက်ပါ။
အပေါက်ဖောက်မယ်ဆိုရင်တော့ Кинематическая Операция ကို Click ပြီးရင် Mouse က Right click ကို နှိပ်ပြီး Редактировать ကို ထပ် Click ပါ။
ပြီးရင် အောက် bar လေးတွေမှ Тонкая Стенка ကို ထပ် Click ပါ ထို့နောက် အဲ့ဒီ Тонкая Стенка အပေါ်မှာ ပေါ်လာတဲ့ စတုဂံ အကွက်နဲ့ ပုံလေးကို Click ပြီးရင် Наружу (သို့မဟုတ်) Внутрь (သို့) Два направления (သို့)
Средняя Плоскость တို့အထဲမှ သင်လိုအပ်တဲ့ တစ်ခုခုကို ရွေးချယ်နိုင်ပါတယ်။ အရင်အတိုင်း အပေါက်မဖောက်ပဲ ထားချင်ရင်တော့ Нет ဆိုတာကို ထားနိုင်ပါတယ် ။
No comments:
Post a Comment